သံလွင်တံတား(မော်လမြိုင်) Mm0 h234Gg
| သံလွင်တံတား (မော်လမြိုင်) | |
|---|---|
|
| |
| ကိုဩဒိနိတ် | 16°30′40″N 97°37′04″E / 16.51111°N 97.61778°E |
| သယ်ဆောင်မှု | နှစ်ဖက်လူသွားလမ်း၊ နှစ်လမ်းသွားယာဉ်ကြော၊ ရထားလမ်းတစ်လမ်း |
| ဖြတ်သန်းမှု | သံလွင်မြစ် |
| တည်နေရာ | မော်လမြိုင်မြို့ နှင့် မုတ္တမမြို့၊ မွန်ပြည်နယ် |
| အမည် | သံလွင်တံတား (မော်လမြိုင်) |
| ပြုပြင်ထိန်းသိမ်းသူ | ပို့ဆောင်ရေး ဝန်ကြီးဌာန |
| အချက်အလက်များ | |
| တံတားဒီဇိုင်း | သံမဏိယက်မတံတား |
| စုစုပေါင်းအရှည် |
ယာဉ်သွားလမ်း ၁၆၂၄ ပေ (၄၉၅ မီတာ)၊ မော်လမြိုင်ဖက် ချဉ်းကပ်တံတား ၂၂၅၂ ပေ (၆၈၆ မီတာ)၊ မုတ္တမဖက် ချဉ်းကပ်တံတား ၇၆၉၉ ပေ (၂၃၄၇ မီတာ)။ စုစုပေါင်းအရှည် ၂.၂ မိုင် (၃.၅ ကီလိုမီတာ) မီးရထားလမ်း ၆၄၄၂ ပေ (၁၉၆၄ မီတာ)၊ မော်လမြိုင်ဖက် ချဉ်းကပ်တံတား ၇၄၉၈ ပေ (၂၂၈၅ မီတာ)၊ မုတ္တမဖက် ချဉ်းကပ်တံတား ၇၆၉၉ ပေ (၂၃၄၇ မီတာ)။ စုစုပေါင်းအရှည် ၄.၁ မိုင် (၆၅၈၉ မီတာ) |
| အကျယ် | ၂ လမ်းသွားယာဉ်လမ်း (၂၈ ပေ)၊ ရထားလမ်း (၁၄ ပေ)၊ လူသွားလမ်းနှစ်ဖက် (၁၂ ပေ) |
| သမိုင်းကြောင်း | |
| စတင်ဆောက်လုပ်ချိန် | ၁၈ မတ် ၂၀၀၀ |
| လုပ်ငန်းပြီးဆုံးချိန် | ၁၈ ဧပြီ ၂၀၀၅ |
| ဖွင့်လှစ်သည့်နေ့ | ၁၈ ဧပြီ ၂၀၀၅ |
သံလွင်တံတား(မော်လမြိုင်) သည် မြန်မာနိုင်ငံရှိ တံတားများအနက် အရှည်လျားဆုံး တံတားဖြစ်သည်။ မွန်ပြည်နယ်ရှိ သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္တရံမြစ်တို့ ပေါင်းဆုံရာနေရာတွင် တည်ဆောက်ထားကာ မော်လမြိုင်မြို့နှင့် မုတ္တမမြို့များကို ဆက်သွယ်ပေးထားသည်။ ၂ မိုင် (၃ ကီလိုမီတာ)အရှည်ရှိ နှစ်လမ်းသွားကားလမ်းနှင့် ၄ မိုင် (၆ ကီလိုမီတာ)အရှည်ရှိ ရထားလမ်းတစ်လမ်းတို့ ပါဝင်သည်။[၁] တံတားအား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ "Thanlwin Bridge (Mawlamyine), longest and largest in Myanmar, emerges to serve interests of State and region"၊ 2005-02-05။